Learning Flutter
ဒီ Repository ကတော့ ကျွန်တော် Flutter ကို လေ့လာတဲ့ နေရာမှာ သိချင်တာလေးတွေကို ရေးပြီးစမ်းသပ်ခဲ့တဲ့ Code Repository ဖြစ်ပါတယ်။ လေ့လာတဲ့ နေရာမှာ ပရိုဂျက်တစ်ခုကို ရေးတယ်။ ပြီးတဲ့နောက်လိုအပ်တယ်လို့ ထင်တဲ့အခါ စမ်းသပ်လိုတဲ့ အစိတ်အပိုင်းတွေကို ပရိုဂျက်လေးတစ်ခုစီနဲ့ စမ်းသပ်လေ့လာသွားမှာ ဖြစ်ပါတယ်။
Basic
ဒီနေရာကတော့ အခြေခံသိသင့်သိထိုက်တာတွေကို စမ်းသပ်ထားတဲ့ နေရာဖြစ်ပါတယ်။ Widget တွေနဲ့ Layout ကို သတ်မှတ်ထားတဲ့ Widget တွေကို စမ်းသပ်ထားတာ အများအပြားရှိပါမယ်။ Stateless Widget, Stateful Widget, Inherited Widget ဒါတွေကို ဒီနေရာမှာလေ့လာသွားမှာဖြစ်ပါတယ်။ Flutter ရဲ့ Basice of the basic တွေကို ဒီနေရာမှာ လေ့လာသွားမှာ ဖြစ်ပါတယ်။
Routing
အခြေခံ UI လေးတွေကို ရေးသားလာနိုင်တဲ့နောက်မှာ View တစ်ခုကနေ တစ်ခုကို ဘယ်လို Route လုပ်ကြမလဲဆိုတာကို လိုချင်လာကြမှာ ဖြစ်ပါတယ်။ Widget တွေကို Route လုပ်လို့ရသလို Route Name တွေကို သတ်မှတ်ပြီး Route လုပ်လို့လဲရပါတယ်။ Application တစ်ခုကို ရေးသားပြီဆိုရင်တော့ Route Name တွေကို အသုံးပြုတာပိုပြီး သင့်တော်မယ်ထင်ပါတယ်။
တဖန် Route Target Widget ဆီကို Data တွေကိုဘယ်လို Pass လုပ်မှာလဲ၊ ပြီးတော့ Route လုပ်လိုက်တဲ့ Page ဆီက ပြန်ပြီးပေးလိိုက်တဲ့ Data တွေကို ဘယ်လို လက်ခံမှာလဲ ဆိုတာက ဒီနေရာမှာ လေ့လာသွားမှာ ဖြစ်ပါတယ်။